Main menu

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းဈေးကွက်

Powered by Drupal

   အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အသားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲ မင်္ဂလာဆောင်နှင့်နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

   ယခုအခါ အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးအစိမ်းများကို ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ၃၀၀၀)ကျပ်အထိရှိပြီး အုန်းသီးအခြောက်များကို ရန်ကုန်ဘက်မှ ဝင်ရောက်မှုရှိပြီးဈေးနှုန်းများမှာ တစ်လုံး(၁)လုံးလျှင် (၄၀၀၀မှ၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ပြောပြချက်အရ အုန်းသီး အခြောက်များကို ကန့်ဘလူမြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ ရွှေရင်အေးဆိုင်များနှင့်အုန်းနို့ ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများ၊ အလှူမင်္ဂလာပွဲများ၊ ဖျော်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် အုန်းသီးအသုံးပြုမှုများပြားကာ ဝင်ရောက်သမျှအရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)