Main menu

“မျှစ်ဈေးနှုန်းဈေးကွက်”

Powered by Drupal

    ကျောက်ဆည်မြို့ဈေးများသို့ ဒေသထွက်နှင့်အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ ယခုလို မိုးတွင်းကာလတွင် မျှစ်များ ထွက်ပေါ်လျက်ရှိရာ သဘာဝအလျောက်တောင်များပေါ်တွင် အလေ့ကျပေါက်ရောက်သော ဝါးပင်များမှ ယခုလို မိုးရာသီတွင် မျှစ်အနုလေးများထွက်ပေါ်လျှက်ရှိပါသည်။ခရိုင်အတွင်း ကျောက်ဆည် မြို့နယ်တွင် တောင်တော်ရွာ၊ကင်းရွာ၊မြင်းရွာ၊မြင်းဒါးဝယ်ကျေးရွာများမှ မျှစ်များထွက်ရှိရာရွာများ ဖြစ်ပါသည်။မျှစ်များကို ရွာအနီးပတ်ဝန်းကျင်တောင်များတွင် သွားရောက်ချိုးယူ၍ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါသည်။ယခုအချိန်တွင် မြို့နယ်အတွင် မျှစ်များထွက်ရှိမှုမရှိသေး သော်လည်း ရွာငံ၊ ရေဦး၊ မြို့ကြီးဒေသများမှ ကျောက်ဆည်မြို့ပေါ်ရှိဈေးများသို့ မျှစ်အသစ်များ ဝင်ရောက်လျက်ရှိကြောင်း ၊ မျှစ်အမျိုးအစားအနေဖြင့် ဝါးပိုးမျှစ်များဖြစ်ပြီး ဈေးနှုန်းအနေဖြင့် လက်လီ(၁၀)ကျပ်သားလျှင် (၇၀၀/-)ကျပ်ပေးရကြောင်း ၊ လက်ကားဈေးအနေဖြင့် (၁)ပိဿာလျှင် (၅၀၀၀/-)ကျပ်ဈေးဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)