
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အရှေ့ခြမ်း ဝါးဘလောက် သောက်ကျေးရွာရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မဖြစ်ပေါ်စေရေးနှင့် စားသုံး သူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား မေလ(၁၇)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရုသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထွန်း၊ ကျေးလက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဟိန်းလတ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်ရှိ အရှေ့ခြမ်း ဝါးဘလောက်သောက် ကျေးရွာရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပေးလျက်ရှိရာ အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)