
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် သကြားခွေများကို ရွှေဘိုမြို့နှင့် မန္တလေး မြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ် နေသော သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ သကြားခွေ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်နှင့် သကြားခွေ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသော လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)