Main menu

ကျွန်းလှမြို့နယ်တွင် တစ်ပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့နယ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၅ ခုနှစ်၊ မေလတတိယအပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ‌ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၅၀၀/၁၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ခဲ့ပြီး  မေလ စတုထ္ထအပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တစ်ပိဿာလျှင် (၂၅၀၀) ကျပ် လျှင်မြန်စွာမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)