
(၁၀-၄-၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ရုံးမှ တာဝန်ရှိသူများသည် အိမ်ဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသူ လုပ်ငန်းရှင် ၆ ဦးနှင့် မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးက စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများိကု ဆောင်ရွက်လျှက်ရှိပြီး ဈေးကွက်အတွင်း ပြည်သူများ ကုန်စည်များကို မှန်ကန်သော ဈေးဖြင့် ဝယ်ယူအသံဒးပြုနိုင်ရန်အတါက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်ဝေးနှုန်းတည်ငြိမ်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကိုလည်း လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ယနေ့ကာလတွင် အိမ်ဆောက်ပစ္စည်းနှင့် ပတ်သက်သော ဘိလပ်မြေနှင့် အခြားသော ပစ္စည်းများကို ဈေးနှုန်းများ ကြီးမှုမရှိစေရန် ဈေးမြှင့်ရောင်းချမှုမပြုရန် ပစ္စည်းလက်ကျန်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပုဒ်မ-၂၃၊ ၂၄နှင့် ၂၅ပါ အချက်များနှင့် ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Consumer Call Center အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)