Main menu

ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်းပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)