
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၁၂.၅.၂၀၂၅)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်သော Thursday Talk ကို Zoom Meeting ဖြင့်ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးစွာအဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးပွဲကိုစတင်ခဲ့ပါသည်။ ထို့နောက် ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ဒု-ဦးစီးမှူး ဒေါ်ခင်စန်းအေးသည် Power Point ဖြင့် ဂွတ်ရှယ်သုံးထောင့်မုန့် လုပ်ငန်းနှင့်စပ်လျဉ်း၍ Thursday Talk ပြုလုပ်ဆောင်ရွက်ခဲ့ပြီး သုံးထောင့်မုန့် လုပ်ငန်း၏ မုန့်လုပ်နည်း အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုပြောကြားချက် များအပေါ်ဦးစွာ ဟင်္သာတ ခရိုင်မှ ခရိုင်ဦးစီးမှူးမှသုံးသပ်ပြီး ဆက်လက်၍ မြောင်းမြခရိုင်၊ မအူပင်ခရိုင် နှင့် ဖျာပုံခရိုင်မှ ခရိုင်ဦးစီးမှူး များကလည်း သုံးသပ်တင်ပြပြီး ဆက်လက်၍ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းမှလည်း သုံးသပ်တင်ပြခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူးမှ သုံးသပ် တင်ပြသွားသော ဒုတိုင်းဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများအား ကျေးဇူးတင် စကား ပြောကြားပြီး လိုအပ်သည် များကိုလည်း ဖြည့်စွက်ပြောကြားကာ အစည်းအဝေးပွဲကို မွန်းလွဲ(၁:၄၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA (ဧရာဝတီ)