Main menu

အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းကြီးမြင့်မှုအခြေအနေ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ပုသိမ်ခရိုင် ငပုတောမြို့နယ်  တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊   မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းဖြန့်ဖြူးရောင်းချလျက်ရှိသော မြို့မဈေးရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံ၍ ဘိလပ်မြေအမျိုးအစားများအလိုက် လက်လီ/လက်ကားဈေးနှုန်းများ၊ ယခင်လ/ယခုလ ကွာခြားချက်ဈေးနှုန်းများ အတက်အကျ ဖြစ်သည့်အကြောင်းအရင်းများ၊ မြေပြင်လက်ကျန် အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်အခြေအနေများအား မြေပြင်တွင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား လက်ကျန် ပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)