
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ စားသုံးသူရေး ရာဦးစီးဌာ န၊ စည်ပင်သာယာရေးဌာန နှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိ သော စားသောက်ကုန် အရောင်း ဆိုင်များရှိ ဟင်းခတ်မှုန့်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကို ၁၁-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ "AJINOMOTO" အပါအဝင် ဟင်းခတ်မှုန့်များ ရောင်းချကြရာမှာသတ်မှတ်ထားတဲ့ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဟင်းလျာများတွင် အသုံး ပြုရန် ထုတ်လုပ်သောသော အရောင်၊ အနံ့၊ အရသာမှုန့် အမျိုးမျိုး ကုန်စည်များ တွင် စားသုံးသူ ကာကွယ်ရေး ဉပဒေ အရ သတ်မှတ်ထား သော ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည် အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တစ်ခြားဘာသာဖြင့် တွဲ လျက် ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူ ရေးရာ ဦးစီးဌာန မှ ထုတ်ပြန်ထား သော အချက်(၇) ချက်ကို လိုက်နာကြရန်နှင့် ကုန်အညွှန်း အမှတ်အသား လိုအပ်ချက်ရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦး ဝင်းမင်းစိုး က ပြောကြားခဲ့သည်။
စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ကုန်မျိုးစုံဆိုင်၊စတိုးဆိုင် များအား ဆက် လက်၍ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
DOCA(ဧရာဝတီ)