Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ပြည်သူများအား အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများသုံးစွဲရာတွင် ဘေးအန္တာရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ဈေးများ၊ တက္ကသိုလ်နှင့်ကောလိပ်များမှာ အသိပညာပေးဆောင်ရွက်ချက်များ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ဟောပြောပွဲကို ဇွန်လ(၂၃)ရက်နေ့၊ နေ့လည် (၁၄ ၀၀)နာရီအချိန်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၌ကျင်းပရာ ဆရာ/ဆရာမ(၁၅)ဦးနှင့် ကျောင်းသား/သူ(၂၂၀)ဦး၊ စုစုပေါင်း (၂၃၅)ဦး တက်ရောက်ခဲ့ပါ သည်။

          အဆိုပါဟောပြောပွဲ၌ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပေါမောက္ခချုပ် ဒေါက်တာမို့မို့ရီ က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)၊အခန်း(၁၀)၊အခန်း(၁၁)၊အခန်း(၁၃)၊ အခန်း (၁၈)တွင် ပြဌာန်းထားသော ဥပဒေများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နေရာ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အယူခံဝင်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ကုန်ပစ္စည်းများအပေါ်၌ တံဆိပ်၊ ရက်စွဲ၊ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်များကို သေချာလေ့လာပြီးမှဝယ်ယူသည့်အလေ့အကျင့်ကောင်းများရရှိစေရန်လည်းကောင်း၊ ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်စေရန်နှင့် လိုက်နာမှုမရှိပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA  ( စစ်ကိုင်း )