Main menu

စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းနှင့်တွေ့ဆုံ

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်း (၂)ဦးသည် ဇွန်လ(၁၇)ရက်နေ့က စစ်ကိုင်းမြို့၊  ကျောက်စိမ်းအချောထည် လုပ်ငန်းအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၊ ကျောက်စိမ်း အချောထည် လုပ်ငန်းအသင်း ဥက္ကဌအိမ် ၌ တွေ့ဆုံခဲ့ပါသည်။

          စစ်ကိုင်းမြို့နယ်၊ ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၂) ရက်နေ့မှ စတင်၍ အလုပ်အမှုဆောင်(၂၉)ဦး၊ အသင်းသား(၁၃၀၀)ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ (SRCCI) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါသည်။ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များစုပေါင်း၍ စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၊ ဘော်ဂါကျောက်ဝိုင်းနေရာအဖြစ် တည်ထောင်၍ စီးပွားဖြစ်လုပ်ကိုင်နေကြပါသည်။

          အသင်းအနေဖြင့် လစဉ်အစည်းအဝေးများ၊ နှစ်စဉ်အစည်းအဝေးများ ပုံမှန်ဆောင်ရွက် လျှက်ရှိပြီး စည်းလုံးညီညွှတ်စွာဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြပါသည်။ ဈေးကွက်များမှာ မန္တလေး၊ ရန်ကုန်နှင့် မူဆယ်(တရုတ်)ဈေးကွက်များရှိပါသည်။ ကျောက်ကုန်ကြမ်းအား မန္တလေးမြို့ ကျောက်ဝိုင်းဈေးမှာ ဝယ်ယူရရှိပါကြောင်း၊ ကျောက်အရည်အသွေးပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိပါကြောင်း၊ ကုန်ချော ကျောက်အရွယ် အစားများမှာ ၅မီလီမီတာ၊ ၇မီလီမီတာ၊ ၉မီလီမီတာ၊ ၁၁ မီလီမီတာ၊ ၁၃ မီလီမီတာထိ ရှိပြီး(၅-၃)မီလီမီတာဆိုဒ်တစ်လုံးဈေး(၁၀ဝိ/ - ၃၀၀၀ဝိ/-) နှုံးခန့်ကို စစ်ကိုင်းမြို့၊ ဘော်ဂါ ကျောက်ဝိုင်းဈေးတွင် ရောင်းချပါကြောင်း၊ အဆိုပါကျောက်ဝိုင်းဈေးတွင် တရုတ်ဝယ်လတ်များမှ လာရောက်ဝယ်ယူပါကြောင်း၊ တရုတ် ဝယ်လတ်များ၏ ဝယ်ဈေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ပြီး အကျိုးအမြတ်ရရှိပါသည်။ယခုအချိန်တွင် COVID ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲမှုကြောင့် အရောင်းအဝယ် ပါးလျှက်ရှိကြောင်း ကျောက်စိမ်း အချောထည်အသင်းဥက္ကဌထံမှ  သတင်းရရှိပါသည်။

DOCA  ( စစ်ကိုင်း )