Main menu

စက်သုံးဆီဆိုင်များသို့ ဌာနဆိုင်ရာပူပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၇.၆.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဒေါ်လာ၊ ရွှေဗျိုင်းဖြူ၊ SPC စသည့် စက်သုံးဆီအရောင်း ဆိုင်(၃)ဆိုင်သို့  ကွင်းဆင်း၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ပေးသည့် စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းများအတိုင်း ရောင်းချနေမှု ရှိ/ မရှိ၊ စက်သုံးဆီ အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA  ( စစ်ကိုင်း )