Main menu

ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် စားဆီနှင့်စားသောက်ကုန်စည်ရောင်းဝယ်ရေးအသင်းမှ အသင်းဝင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ (၁.၇.၂၀၂၂) ရက်နေ့တွင် တွေ့ဆုံခဲ့သည်။

        ထိုသို့တွေ့ဆုံရာတွင် စားဆီတင်သွင်းသည့် ကုမ္ပဏီများမှ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချခဲ့ရာ ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်စျေး ရည်ညွှန်းလက်ကား စျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော စျေးနှုန်းဖြင့်စျေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးသွားရန် ၊ လက်လီစျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေနှုန်းဖြင့် ရောင်းချစေရေး ၊ စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရေးညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)