Main menu

ဘိုကလေးမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၁၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အထူးစုံစမ်းစစ် ဆေးရေးအဖွဲ့၊ စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၇) ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများတွင် ဈေးနှုန်း ကြီးမြှင့်မှုမရှိစေရေးနှင့် လက်ရှိ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းခြင်းနှင့် ပစ္စည်းလက်ကျန်စာရင်းများကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးတို့အတွက် ပူးပေါင်း အဖွဲ့များနှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)