
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၈-၄-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်ရှိ အစားအသောက် ရောင်းချသည့် စားသောက်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံသည် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်ပိုင်ရှင်များအား အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ စသည့်အကြောင်းအရာများကို ဆွေးနွေး ပြောကြားခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃)၊ ပုဒ်မ(၂၆/၂၇) တွင်ပါရှိသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်းအကြောင်းအရာများအား အသေးစိတ်ရှင်းလင်း ပြောကြားပြီး ဥပဒေလက်ကမ်းစာစောင်များအား စားသောက်ဆိုင်ပိုင်ရှင်များထံသို့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရပါသည်။
DOCA(မကွေး)