Main menu

မုဒုံမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၃.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စားအုန်းဆီလက်လီရောင်းချနေမှုအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ၊ ခွဲဝေရရှိသောအရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်ပြည့်မီစွာ ရောင်းချနေခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မုဒုံမြို့နယ်အတွင်း စားအုန်းဆီများကို ရောင်းချနေသော လက်လီဆိုင်များတွင် သတ်မှတ်ဈေးနှုန်း၊ ခွဲဝေရရှိသောအရေအတွက်၊ အလေးချိန်ပြည့်မီစွာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)