
၂၀၂၅ ခုနှစ်၊ ဧပြီ လ၊ ၁၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သယံဇာတ ရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ (၆/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာနညွှန်ကြားရေး မှူးမှ လိုင်စင်လျှောက်ထားမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့ရာ တက်ရောက်လာသောအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄း၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)