
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊ စီးပွားရေးလုပ်ငန်း ရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်ရှိ BT ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြည်တွင်း ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၅ခုနှစ်၊ မေလအတွက် ဆန်အမျိုး အစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန် ချက်(ဆန်ရည်ညွှန်း ဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်း အဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ် ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ myroတွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)