Main menu

“စားသုံးသူရေးရာအကြောင်းသိကောင်းစရာ Talk Show ကျင်းပပြုလုပ်”

Powered by Drupal

ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒေါ်သီတာအောင်(ဦးစီးအရာရှိ)မှ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီး ဌာန မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူး)မှ ပြောကြားရာတွင် စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)၏ လုပ်ငန်းတာဝန်များ အနက်မှ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်း ၊ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသို့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း ၊ စားသုံးသူများထံမှဖြစ်စေ ၊ စားသုံးသူကာကွယ်ရေး အဖွဲ့အစည်းထံမှ ဖြစ်စေ ၊ တိုင်ကြားလာမှုများကို ဥပဒေနှင့်အညီ လက်ခံဖြေရှင်း ဆောင်ရွက်ပေးခြင်းများအား လည်းကောင်း ၊ ဖြေရှင်းပေးခဲ့သည့် တိုင်ကြားမှုများမှ ရုပ်သံမီဒီယာမှ ပတ်သက်သည့် ကိစ္စများ၊ ဆက်သွယ်ရေးဝန်ဆောင်မှု နှင့် ပတ်သက်သည့်ကိစ္စများ ၊ Online Shopping ဝန်ဆောင်မှု နှင့် ပတ်သက်သည့်ကိစ္စများ၊ ခရီးသွားဝန်ဆောင်မှုနှင့် ပတ်သက်သည့်ကိစ္စများ၊ Mobile Phone ဝယ်ယူ ခြင်းများ၊ စားသောက်ဆိုင် ဝန်ဆောင်မှုကိစ္စများအားလည်းကောင်း၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဦးစီးမှူးရုံးသို့ဖြစ်စေ ၊ သက်ဆိုင်ရာ CICC ရုံးများသို့ဖြစ်စေ ၊ လာရောက် တိုင်ကြားနိုင်ခြင်း ၊ ဖုန်းဖြင့်တိုင်ကြားနိုင်ခြင်း ၊ www.doca.gov.mm တွင် တိုင်ကြားနိုင်ခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန  CICC နေပြည်တော် ၊ Facebook  Page တို့တွင် တိုင်ကြားနိုင်ခြင်းနှင့် စားသုံးသူဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများမှလည်း တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်းသတင်းရရှိသည်။

DOCA(မန္တလေး)