Main menu

ထိပ်တန်းနည်းပညာကုန်စည်ပြပွဲအား ဘရူနိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သွားမည်

Powered by Drupal

       ဘရူနိုင်းနိုင်ငံ၏ ထိပ်တန်းနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကုန်စည်ပြပွဲ TechXpo 2025 ကို ဘရူနိုင်းမြို့တော်ရှိ အပြညပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန၌ သြဂုတ် ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ ပူး‌ပေါင်းစီစဉ်သူများဖြစ်သည့် D’ Sunlit Sdn Bhd နှင့် InfoCom Federation Brunei (IFB) တို့က ကုန်စည်ပြပွဲသည် နည်းပညာတိုးတက်မှု ကိုအားပေးမြင့်တင်ကာ ဘရူနိုင်း၏ ဒစ်ဂျစ်တယ် လူ့အဖွဲအစည်းအတွက် မျှော်မှန်းချက်များကို မီးမောင်းထိုးပြသည့် ကုန်စည်ပြပွဲဖြစ်ကြောင်း မေလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။ အဆိုပါပွဲ သည်ညဏ်ရည်တု AI နှင့် ဆိုက်ဘာလုံခြုံရေးမှသည် စမတ်မြို့များနှင့် ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်စီးပွားရေးများအထိ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးတိုးတက်မှု ကို မြှင့်တင်ပေးမည့် အဓိကနည်းပညာလမ်းကြောင်းများကို မီးမောင်းထိုးပြမည်ဖြစ်သည်။ ဘရူနိုင်း-အင်ဒိုနီးရှား-မလေးရှား-ဖိလစ်ပိုင်အရှေ့အာဆီယံဖွံ့ဖြိုးတိုးတက်မှု ဒေသသတင်းအချက် အလက်နှင့် ဆက်သွယ်ရေးဖိုရမ်နှင့် အစည်းအဝေးကို TechXpo 2025 နှင့် တွဲဖက်ကျင်းပမည်ဖြစ် ပြီး အကြံညဏ်များဖလှယ်ခြင်း၊ မဟာဗျူဟာများမျှဝေခြင်းနှင့် ဒေသတွင်းမိတ်ဖက်များ ထူထောင် ခြင်းအတွက် ပလပ်ဖောင်းတစ်ခုပံ့ပိုးပေးမည်ဖြစ်သည်။

  DOCA(ရန်ကုန်)