Main menu

မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ဆုံကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအိမ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     ၂၀၂၅ခုနှစ်၊မေလ(၉)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် အင်္ဂပူမြို့နယ် ဆုံကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအိမ်၌  ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန်နှင့် စားသုံးသူများအနေဖြင့် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရာများကိုလည်း နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါဟောပြောပွဲတွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘိုဘို က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်မှန်းချက်၊ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူတို့၏ မမှန်မကန်လုပ်ဆောင်မှုများမှ ကာကွယ်ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အရည်အသွေး၊ အဆင့်အတန်း မပြည့်မီခြင်းမှ ကာကွယ်နိုင် ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ် ငန်းရှင်များမှ စောင့်ထိန်းရမည့် စီးပွားရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားရန် လိုအပ် သကဲ့သို့ စားသုံးသူပြည်သူများဘက်မှလည်း သတင်းအချက်အလက် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ကုန်စည်ကိုရွေးချယ်ဝယ်ယူရာတွင်သဘောတူညီထားသည့်တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ လုပ်ငန်းရှင်အပေါ်မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်း၊ ရေးသားခြင်း၊ ပြုမူခြင်းတို့ကို ရှောင် ကြဉ်ရန်လိုအပ်ကြောင်း စသည့် စားသုံးသူတာဝန်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)