
နော်ဝေနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ကမ္ဘာ့ကုန်သွယ်ရေး မသေချာမရေရာမှုများနှင့် ဆယ်လ်မွန်ဈေးနှုန်းများ ကျဆင်းချင်းတို့အပြင် တရုတ်နှင့် အမေရိကန်ကဲ့သို့ အဓိကစျေးကွက်များ တွင် ဝယ်လိုအားအားကောင်းခြင်းကြောင့် ဧပြီလတွင် တင်ပို့မှု စံချိန်တင် မြင့်တက်ခဲ့ကြောင် နော်ဝေ ပင်လယ်စာကောင်စီက မေလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ ပင်လယ်စာတင်ပို့မှုသည် ဧပြီလ တွင် စုစုပေါင်း နော်ဝေခရိုနာ ၁၄.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံ) ရှိပြီး ယမန်နှစ် အလားတူလကထက် ၂ ရာခိုင်နှုန်း တိုးလာကာ ဧပြီလအတွက် စံချိန်တင် အမြင့်ဆုံး ပို့ကုန်တန်ဖိုး ဖြစ်သည်။ တရုတ်ဆော်လမွန်ဈေးကွက်တွင် ခိုင်မာသောအခြေခံကြီးထွားမှုနှင့် နော်ဝေဆော်လမွန် များ၏ ပြိုင်ဆိုင်မှုစျေးနှုန်းကြောင့်ဟု Chramer မှသတ်မှတ်ခဲ့ပြီး ဧပြီလတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဥရောပမှ ဆော်လမွန်စျေးကွက် သည် ယခုအခါ အာရှနှင့် အမေရိကန်တို့ကဲ့သို့ နိုင်ငံရပ်ခြား စျေးကွက်များသို့ ကူးပြောင်းသွားသည်ကို မြင်တွေ့ရကြောင်း Chramer မှ ပြောကြားပြီး ပိုမိုပူနွေးသော ပင်လယ်အပူချိန်နှင့် ဇီဝဗေဒဆိုင်ရာ စိန်ခေါ်မှုများ နည်းပါးလာခြင်းကြောင့် အရည်အသွေး သာလွန်သော ဆယ်လ်မွန်များ ပမာဏ မြင့်မားလာကာ ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုသည် စတုတ္ထလဆက်တိုက် တန်ဖိုးတိုးတက်မှုကို ဆက်လက်ဦးဆောင်ခဲ့သည်။ အမေရိကန်သို့ တင်ပို့မှု သည် ဧပြီလတွင် နော်ဝေခရိုနာ ၁.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ဧပြီလသည် အမေရိကန် အခွန်တိုးမြှင့်ကောက်ခံ ခြင်းနှင့်ပတ်သက်၍ ဆူညံသံများနှင့် မသေချာမရေရာမှုများစွာဖြင့် လက္ခဏာရပ်ပြခဲ့သည်" ဟု Chramer က မှတ်ချက်ပြုခဲ့သည်။ နော်ဝေပင်လယ်စာတင်ပို့မှုအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ကောက်ချက်ချရန် စောလွန်းသေးကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ နော်ဝေနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် နော်ဝေခရိုနာ ၅၈.၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း Chramer က ဆက်လက် ပြောကြားခဲ့ သည်။
DOCA(ရန်ကုန်)