Main menu

ဆန်ပွဲရုံနှင့် ဆန်ဆိုင်များ၌ သင့်တင့်မျှတသောစျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့်စျေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ သမရိုးကျရောင်းဝယ် ခြင်းမဟုတ်သော စျေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချ ခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လစဉ်သင့်တင့်မျှတသော ဆန်စျေးနှုန်းများ ထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက် ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၈.၄.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိ ဆန်ပွဲရုံနှင့် ဆန်ဆိုင်များအား ကွင်းဆင်းပြီး ဆန်များအား လစဉ်သတ်မှတ် ထုတ်ပြန်ထားသည့် သင့်တင့်မျှတသည့် စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အမျိုးအစားမတူ၊ စျေးနှုန်း မတူသော ဆန်များရောနှောရောင်းချမှုရှိ/မရှိ တို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မကွေး)