
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ (၈.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုစာရင်းအင်း ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မကွေးမြို့ပေါ်ရှိ ဆန်၊ ဆီနှင့် အိမ် ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းများအား ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်နှင့်ဆီရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ ဆက်လက်၍ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအားလည်း ဘိလပ်မြေနှင့် သံချောင်းဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုတွေ့ရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)