Main menu

ကန်ကြီးထောင့်မြို့နယ် ချမ်းမြေ့ဇေယျာစိုက်ပျိုးရေး ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ၅.၅.၂၀၂၅ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ချမ်းမြေ့ဇေယျာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက်သို့ စားသုံးသူရေးရာ ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ကိုယ်စားလှယ်များပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် Gasifier အသုံးပြု၍ လည်ပတ်ဆောင်ရွက်လျက်ရှိသော ဆန်စက်၏ ရေဆိုးသန့်စင်မှု စနစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်၊၊

    အဆိုပါ ဆန်စက်၏ ရေဆိုးသန့်စင်မှုနစ်(ရေဆိုးသန့်စင်ကန် ၊ ရေဆိုးစီးဆင်းသည့်ရေမြောင်း၊ စက်ဖွဲပြာစစ်ထုတ်စုပုံထားရှိမှုများ)နှင့် ပတ်သတ်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)