
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို ဘိုးရာဇာရပ်ကွက်ရှိ အောင်သိဒ္ဓိကုန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဘီးလင်းမြို့နယ်၌ ကဆုန်လပြည့်နေ့တွင် ရပ်ကွက်၊ ကျေးရွာအသီးသီးတို့၌ ကဆုန် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိရာ ဘိုးရာဇာရပ်ကွက် အောင်သိဒ္ဓိကုန်း ဗောဓိညောင်ပင်၌ ၁၁.၅.၂၀၂၅ ရက်နေ့ ညနေပိုင်းက ကဆုန်ညောင်ရေ သွန်းပွဲတော်ကို စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရေသွန်းပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနှင့် ရပ်ကွက်နေပြည်သူမျာက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခဲ့ပြီး ညောင်ရေသွန်းပွဲသို့ လာရောက်လကြသူများကို အလှူရှင်များကလည်း မုန့်လက်ဆောင်း၊ အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
DOCA(မွန်)