
ကမ္ဘောဒီးယားနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန(MoC)၏ အတွင်းရေးမှူးဖြစ်သူ Tor Pilar သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုဦးဆောင်၍ သီဟိုဠ်စေ့နှင့် သရက်သီးခြောက် များ မလေးရှားသို့ပထမဆုံးတင်ပို့မှုကို Olair Dry Port Worldwide Logistics ၌ မေလ ၈ ရက်နေ့ ကသွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါသည်။ ထိုတင်ပို့မှုသည် ကမ္ဘောဒီးယား၏ Ample Agro Product Co., Ltd နှင့် Kirirom Food Production Co., Ltd တို့က မလေးရှားနိုင်ငံ၏ TrackIn Tech Solutions SND BHD နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က နားလည်မှုသဝဏ်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် လွယ်ကူချောမွေ့ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုမှာအဆင့် ၄ ဆင့်ရှိပြီး ပထမဆုံးအနေဖြင့် သီဟိုဠ်စေ့သေတ္တာ ၂၀၀ နှင့် သရက်သီးခြောက်သေတ္တာ ၂၁၀ ကို မလေးရှားသို့တင်ပို့မည်ဖြစ်ပြီး ထိုမှတစ်ဆင့် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကို ဆက်လက်ဖြန့်ဖြူးသွားမည်ဟု သိရပါသည်။
Reference; Khmer Times
DOCA(ရန်ကုန်)