Main menu

ကန့်ဘလူမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ဖြင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မုန့်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချ လျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကန့်ဘလူ မြို့၊ အမှတ်(၃)ရပ်ကွက်မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့်ပါဝင်ပစ္စည်းများတွင် တားမြစ်ထားသည့် ဓာတုပစ္စည်းများထည့်သွင်းအသုံးမပြုရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးရောင်းချရန် အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)