Main menu

ဇလွန်မြို့ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၈.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအားစားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊စားသုံးသူများ၊စီးပွားရေး လုပ်ငန်းရှင်များ၏ ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း မရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရိုက်နှိပ်ဖော်ပြ ထားသောပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးရခြင်း၏ လုပ်ငန်းတာဝန်များ၊ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင် ကြောင်းကိုလည်းကောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ် ပြောကြားခဲ့ပြီး နေ့လည်(၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)