Main menu

သာပေါင်းမြို့နယ်၊ ဆီစက်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း

Powered by Drupal

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီး ဌာန၌ ၉.၅.၂၀၂၅ ရက်နေ့တွင် ကွင်းပေါက်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာနေ မြေပဲဆီစက်ပိုင်ရှင် ဦးအောင်မျိုးသန့် နှင့်တွေ့ဆုံ၍ မြေပဲဆံကုန်ကြမ်းရရှိမှု၊ ကုန်ချောဝယ်ယူခြင်း၊ ဈေးနှုူန်း/ဈေးကွက်၊ အရင်းအနှီး၊ အကျိုးအမြတ်၊ တွက်ခြေကိုက်မှု၊ လုပ်သားအခြေအနေ၊ မြေပဲဆီကြိတ်ခွဲပြီးနောက် မြေပဲဖတ်များ ရောင်းဝယ်မှုူအခြေအနေ ဈေးနှုန်းဈေးကွက်တို့ကို မေးမြန်းဆွေးနွေးပြီး မြေပဲဆီ (၁) ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ မြေပဲဖတ် (၁) ပိဿာလျှင် (၄၅၀၀) ကျပ် ဈေးရှိကြောင်း သိရပြီး လက်ရှိအခြေအနေတွင် နဝလီကြိတ်ခွဲခြင်းကိုဆောင်ရွက်ပြီး ဈေးကွက်များတွင် ဗူးသွပ်၊ တံဆိပ်နှိပ် ရောင်းချမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး ကုန်အညွှန်းအမှတ်အသား တရားဝင်တင်ပြရေး သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)