Main menu

သထုံမြို့နယ်၌ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

Powered by Drupal

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ၉.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက သထုံမြို့ရှိ ဝါးပါးရေ လှောင်တမံ၌ ကျင်းပပြုလုပ်ခဲ့သည်။ စုပေါင်းငါးလွှတ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက် လာသူအပေါင်းတို့က မေတ္တာသုတ်အားစုပေါင်းရွတ်ဆို၍ မေတ္တာပို့သကြပြီး ရေလှောင်တမံ အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခူ၊ ငါးပြေမ၊ ငါးမြစ်ချင်း စသည့် ငါးသားပေါက်များအား ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့အသီးသီးမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင်‌့ရှောက်ရေးအသင်းဝင်များ စုပေါင်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)