
၈.၄.၂၀၂၅ ရက်နေ့ (၁၀:၁၅) အချိန်မှ (၁၀:၂၅) အချိန်ထိ မော်လမြိုင်မြို့၊ စစ်ကဲကုန်း ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းတံတား၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးသော ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြသူများက ရွှေဝါငါးကြင်း အကောင်ရေ (၅၀၀၀) အား ဇီဝိတဒါန စုပေါင်းငါးလွှတ်ခဲ့ကြောင်း သိရှိရသည်။
DOCA(မွန်)