Main menu

ချောင်းဆုံမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၇.၄.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးများသက်တမ်း လွန်ခြင်း ရှိ/မရှိနှင့် ဆေးများထားသိုသိမ်းဆည်းရာတွင် နည်းစနစ်မှန်ကန်မှု ရှိ/မရှိ ဈေးကွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် သက်တမ်းလွန်သော ဆေးဝါးများရောင်းချခြင်း မရှိကြောင်း၊ ဆေးများထားသိုသိမ်းဆည်းရာတွင် စည်းစနစ်တကျ ထားသိုသိမ်းဆည်ထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)