
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေလ (၁)ရက်မှ (၁၁)ရက်နေ့အတွင်း၌ စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး-ဦးမင်းဆွေက ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ပြည်ခရိုင်အတွင်းရှိ ဆန်စက်နှင့် ဆန်ပွဲရုံလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် ယွန်းတန်းရပ်ကွက်ရှိ ဦးထက်ဝေလင်း၏ စိန်စိန်ဝင်း ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်လမ်းဆုံရှိ ဦးမင်းမင်းစိုး၏ “T-Water” သောက်ရေသန့်နှင့် ဒေါ်အိချယ်မွန်၏ “Move” သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဦးထွန်းရီဆီစက် သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်း များသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည် အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ ပြည့်စုံ မှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာ ဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူ ဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)