
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး တို့အတွက် ဈေးကွက်အတွင်း စည်သွပ်ဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ ဧပြီလ(၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် ကော့မှူး မြို့နယ် စည်ပင်သာယာမြို့မဈေး အပြင်တန်း ဒေါ်မျိုးမျိုး ကုန်ခြောက်ဆိုင်နှင့် ဈေးအတွင်း ဒေါ်ဥမ္မာမျိုး ကုန်ခြောက်ဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော စည်သွပ်ဘူး အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြပါရှိရမည့် အချက်များ ဖော်ပြထားမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံစွာဖော်ပြပါရှိသော စားသောက်ကုန် ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)