
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံသည် (၃.၄.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ မိုဘိုင်းဖုန်းဆိုင်များ၊ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းဆိုင်များတွင် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဖုန်းဆိုင်ရှင်များအား ရောင်းချလျက်ရှိသော ဆင်းကတ်များသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြော်ငြာစာ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များ စနစ်တကျမှတ်ပုံတင် ရောင်းချ နိုင်ရန်နှင့် တရားမဝင်ဆင်းကတ်ရောင်းချမှုများ မပြုလုပ်ရန်ပြောကြားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၂၅.၉.၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃)အား လိုက်နာဆောင်ရွက်သွားရန်နှင့် ၎င်းအမိန့်ကြော်ငြာစာမိတ္တူများအား ဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မကွေး)