Main menu

သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ပလတ်စတစ်ကမ်ပိန်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၄.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်အတူ မြို့မ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အစားအသောက် ရောင်းချနေသည့် ဈေးဆိုင်များတွင် ပလတ်စတစ်အစား အင်ဖက်၊ ငှက်ပျောဖက်တို့နှင့် သုံးစွဲစေရန် အသိပညာပေးခြင်း၊ အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် စားသုံးဆီဘူးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Duck အမှတ်တံဆိပ် ဘဲလေး ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် သန့်စင်ထားသောစားအုန်းဆီ)တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်း၊ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)ခုတွင် ပါရှိရမည့် အချက်အလက်များ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့် ပြည့်စုံ စွာဖော်ပြထားခြင်းရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  လုပ်ငန်းရှင်များအား အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် အချက်(၁၁)ချက်အား အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မကွေး)