Main menu

၂၀၂၅ ခုနှစ်ပထမ ၃ လပတ်ကာလတွင် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့ရာမှ တစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ရရှိခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ကမ္ဘောဒီးယားသည် အဝတ်အထည်နှင့် အထည်အလိပ်တင်ပိုမှုမှတစ်ဆင့် ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၂၀.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အလုပ်သမားနှင့် လုပ်သားလေ့ကျင့်ရေးဝန်ကြီးဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Sun Mesa က မေလ ၈ ရက်နေ့က ပြောကြားခဲ့ပါသည်။ Mesa က ဇန်နဝါရီလမှ မတ်လကာလတွင် အဝတ်အထည်၊ ဖိနပ်၊ ခရီးသွား အသုံးအဆောင်များနှင့် အိတ်များ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ နီးပါးရရှိ ခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။ အဓိကဈေးကွက်များဖြစ်သည့် အမေရိကန်သို့တင်ပို့မှုမှာ ၂၅.၇ ရာခိုင်နှုန်း၊ ဥရောပသို့တင်ပို့မှုမှာ ၂၀.၈ ရာခိုင်နှုန်း၊ ဂျပန်သို့တင်ပို့မှုမှာ ၁၉.၉ ရာခိုင်နှုန်း၊ ယူကေ သို့တင်ပို့မှုမှာ ၅.၆ ရာခိုင်နှုန်းနှင့် အာဆီယံသို့တင်ပို့မှုမှာ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ထိုသို့တင်ပို့မှုမြင့်တက်ခြင်းသည် Adidas နှင့် Nike အစရှိသည့်နိုင်ငံတကာလူသိများ သည့် အမှတ်တံဆိပ်များထံမှ မှာယူမှုများမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ Mesa က ထိုကြီးထွားမှုသည် ဝန်ကြီးချုပ် Hun Manet ၏ဦးဆောင်မှုအောက်တွင် အစိုးရ မူဝါဒများ၏ သင့်လျော်ကောင်းမွန်သောအခြေအနေများ ဖန်တီးနိုင်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့တွင်စက်ရုံလည်ပတ်မှုများအဆင်ပြေချောမွေ့စေရန်၊ ရင်းနှီးမြှုပ်နှံ သူများဆွဲဆောင်ရန်နှင့် ကမ္ဘောဒီးယားသို့ ကြီးမားသည့်ကုန်ထုတ်လုပ်သည့်စက်ရုံများရောက်ရှိ လာရေးကိုတွန်းအားပေးနိုင်ရန်ရည်ရွယ်သည့် ကျယ်ပြန့်သောပံ့ပိုးမှုပေးသည့် ဥပဒေနှင့် စည်းမျဉ်းစီမံချက်များပါဝင်ကြောင်း သိရပါသည်။ အလုပ်သမားဝန်ကြီး Heng Sour က တော်ဝင် အစိုးရသည် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန်နှင့် လုပ်ငန်းသစ်များက ကမ္ဘောဒီးယားလူမျိုးများ အတွက် အလုပ်အကိုင်များပိုမိုဖန်တီးပေးနိုင်ရန်အတွက်ပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား၏ အဝတ်အထည်နှင့် အထည်အလိပ်ကဏ္ဍတွင် စက်ရုံပေါင်း ၁၆၀၈ ခုရှိပြီး အလုပ်အကိုင် ၉၁၃၀၀၀ ဦးဖန်တီးပေးနိုင်ကာ အများစုမှာ အမျိုးသမီး များဖြစ်ကြောင်း သိရပါသည်။

Reference; Khmer Times

DOCA(ရန်ကုန်)