Main menu

ဆန်ပွဲရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၈.၅.၂၀၂၅ ရက်နေ့ (၁၁:၀၀) နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ ဆန်ပွဲရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပွဲရုံများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချမှုရှိ/မရှိနှင့် လစဉ် လချုပ်စာရင်းများတင်ပြမှုရှိ/မရှိတို့အား မရမ်းကုန်းမြို့နယ် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင် ကိုယ်စား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူစိုးနှင့်အဖွဲ့၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယ မြို့နယ်ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးနေမျိုးသူရိန်နှင့်အဖွဲ့၊ မရမ်းကုန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေး မှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဌေးနှင့်အဖွဲ့၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းမှ လက်ထောက်ဌာနမှူး ဦးလှဆွေနှင့်အဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်မြတ်မွန်၊ မရမ်းကုန်းမြို့နယ်အဆင့် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးသန်းဦး၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမြင့်နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်း ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်ပွဲရုံ(၆၀) ရုံအား (၁၄:၃၀) နာရီအချိန်တွင် စစ်ဆးဆောင် ရွက်ပြီးစီးခဲ့ပြီး ကျန်ဆန်ပွဲရုံ(၄၃) ရုံအား ၉.၅.၂၀၂၅ ရက်နေ့တွင် ဆက်လက်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)