Main menu

ညောင်ဦးမြို့နယ်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား (၃.၅.၂၀၂၅) ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သည့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါလုပ်ငန်းသုံးဆီများကိုလုပ်ငန်းရှင်များအနေဖြင့်လုပ်ငန်းခွင်များတွင် မှန်မှန်ကန်ကန်ပြန်လည်သုံးစွဲကြရန် လိုအပ်ပါကြောင်း ၊ ဆက်လက်၍လည်းထုတ်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ် စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက်ရှိပါ ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး၊ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများတွင် ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိစေရေး၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်းတို့အား လုပ်ငန်းရှင်များသိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ရာဟောပြောပွဲသို့ လုပ်ငန်းရှင်(၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)