Main menu

သန့်ရှင်းသောစွမ်းအင်၊ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နော်ဝေနှင့် ဗြိတိန်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Powered by Drupal

             နော်ဝေနှင့် ဗြိတိန်တို့သည် Green Industrial Partnership အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။ "Green Industrial Partnership သည် တိုးတက်သော စက်မှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး၊ ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသော ကဏ္ဍများတွင် ကျွမ်းကျင်မှုတည်ဆောက်ရန်နှင့် ကုန်ကြမ်းများအတွက် တန်ဖိုးကွင်းဆက်များကို ပံ့ပိုးပေးလိမ့်မည်" ဟု နော်ဝေအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဓိကအာရုံစိုက်သည့်နေရာများ တွင် ကာဗွန်ဖမ်းယူမှုနှင့် သိုလှောင်မှု (CCS)၊ ဟိုက်ဒရိုဂျင်၊ ကမ်းလွန်လေ၊ အစိမ်းရောင်တန်ဖိုးကွင်း ဆက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော စွမ်းအင်စနစ်များ ပါဝင်သည်။ ဖွံ့ဖြိုးတိုးတက် ရေးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက် စလုံးက ကတိပြုခဲ့ကြသည်။ နော်ဝေကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Cecilie Myrseth က "နော်ဝေနဲ့ ဗြိတိန်၏ အားသာချက်များ ကို ပေါင်းစပ်ခြင်းအား ဖြင့် အလုပ်အကိုင်များအား ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စက်မှုလုပ်ငန်း အသစ်များ ဖွံ့ဖြိုးတိုးတက် လာ၍ ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ နော်ဝေရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး Andreas Bjelland Eriksen က အစိမ်းရောင်အကူးအပြောင်းသည် အလုပ်အကိုင်အခွင့်အလမ်း သစ်များဖန်တီးပေးစဉ်တွင် ရာသီဥတု ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မရှိမဖြစ်လိုအပ် ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဗြိတိန်သည် ဥရောပသမဂ္ဂပြီးလျှင် နော်ဝေ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် နော်ဝေခရိုနာ ၅၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁.၆ ဘီလီယံ) ကျော်ရှိခဲ့ကြောင်း နော်ဝေအစိုးရထံမှ သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)