Main menu

ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၈.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဉီးမျိုးမြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးသုခလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသန့်ဇင်၊ စည်ပင်သာယာရေးကော်မတီမှ ဉီးဝင်းနိုင်(အုပ်ချုပ်ရေးမှူး)၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဉီးကျော်ဇင်လတ် (မြို့နယ်ဉီးစီးမှူး)၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဉီးသန်းထိုက်စိုး (အငယ်တန်းစာရေး)တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၉၇/အေ)၊ သီရိလမ်း၊ ပိန္နဲကုန်း ရပ်ကွက်၊ “လင်းရောင်ခြည်ဆန်ဆိုင်”၊ (အမှတ်-မ/၁၇၄) က-၇လမ်း၊ မြို့သစ်(က+ခ)ရပ်ကွက်ရှိ “ဟိန်းဆန်ရောင်းဝယ်ရေး”၊ အမှတ်(၁၉၃)၊ ပဒေသာလမ်း၊ ဈေးကုန်းအနောက်ရှိ “ဒေါ်လာဆန် ရောင်းဝယ်ရေး”နှင့် အမှတ်(၂၇)၊ ဓနသိဒ္ဓိလမ်း၊ ကမ်းနားအနောက်ရပ်ကွက်ရှိ “အောင်မင်္ဂလာ ဆန်စက်”များသို့ ကွင်းဆင်းရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူးက ဈေးမြှင့်တင်ရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူပြည်သူများအခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေး သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)