Main menu

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၆.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်ရှိ Ohnmar Linn Latt အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၁၄၂)၊ မြရတနာရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ Ohnmar Linn Latt စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီ မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)