Main menu

“ကော့မှူးမြို့နယ်အတွင်းရှိရေနံထွက်ပစ္စည်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရေနံထွက်ပစ္စည်း အရောင်းဆိုင် သတ်မှတ်လမ်းနယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့် အညီဖြစ်စေရေး တို့အား မေလ (၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ကျေးလက်လမ်းနှင့် လမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ လမ်းနယ်နိမိတ်သတ်မှတ်ချက်နှင့် လွတ်ကင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

DOCA(ရန်ကုန်)