
အင်ဒိုနီးရှားနိုင်ငံ ဒုသမ္မတ Gibran Rakabuming Raka က အမျိုးသားအဖွံ့ဖြိုးမှု၏ အဓိက အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်သည့် ပင်လယ်နှင့်ငါးလုပ်ငန်းကဏ္ဍတွင် အားကောင်းလာစေ ရန်အတွက် အစိုးကထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မေလ ၆ရက်နေ့ Nusa Tenggara အရှေ့ Bebeng ငါးလုပ်ငန်းစီးပွားရေးဇုန်တွင် ပြုလုပ်သော အစည်းအဝေးအတွင်းတွင် Gibran သည် သိုလှောင်ပုံးများနှင့် ငါးလုပ်ငန်းကိရိယာ ၁၀၀ ယူနစ်ပါသော အထောက်အကူ ပစ္စည်းများကို ငါးလုပ်ငန်းရှင်များအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းအနေဖြင့် အဆိုပါအထောက် အကူပြုပစ္စည်းများသည် ငါးလုပ်ငန်းရှင်များ၏ ပြိုင်ဆိုင်မှုနှင့် တိုးတက်မှုများကို မြှင်တင်နိုင်ရန် မျှော်မှန်းကြောင်း သိရပါသည်။ အစည်းအဝေးတွင် ၎င်းသည် ငါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏အအေးခန်းနှင့် ရေခဲရရှိမှုများ ကန့်သတ်ချက်များနှင့်ပတ်သက်၍ အခက်အခဲများကို နားထောင်ပေးခဲ့ကြောင်း သိရပါသည်။ Gibran သည် အစည်းအဝေးကို သမ္မတ Prabowo Subianto ၏ အဓိကဦးစားပေး စီမံကိန်းဖြစ်သည့် အစားအသောက်အတွက် ကိုယ်တိုင်လုံလောက် မှု ရရှိခြင်းစီမံကိန်းနှင့်အတူ အထူးအလေးပေးကျင်းပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထုတ်ပြန်ချက် များအရ ငါးလုပ်ငန်း ကဏ္ဍတွင်အားကောင်းစေခြင်းသည် အစားအသောက်ကဏ္ဍတွင် ကိုယ်တိုင်လုံလောက်မှု ရရှိစေရန်နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ပင်လယ်စီးပွားရေးတွင် အားကောင်းလာစေရန် အတွက် အမျိုးသားရေးနည်းဗျူဟာ၏ အရေးပါသောအပိုင်းဖြစ်ကြောင်း သိရပါသည်။ Gibran က ၎င်း၏ လည်ပတ်မှုသည် အင်ဒိုနီးရှားနိုင်ငံအား လွတ်လပ်သော ပင်လယ်နိုင်ငံအဖြစ် ရပ်တည် နိုင်စေသည့် ပင်လယ်နှင့် ငါးလုပ်ငန်းကဏ္ဍဖွံဖြိုးတိုးတက်ရေးတွင် အရှိန်မြှင့်တင်နိုင်စေရန် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက “Bebeng ကဲ့သို့ ငါးလုပ်ငန်းစီးပွားရေးဇုန်တွင် ဖွံ့ဖြိုး တိုးတက်ရေးသည် ပြည်တွင်းအရင်းအမြစ်များအပေါ်အခြေခံသည့် စီးပွာရေးဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ Bebeng ငါးလုပ်ငန်း စီးပွားရေး ဇုန်သည် ယခုအခါတွင် ဖွံ့ဖြိးတိုးတက်နေသော အခြေအနေတွင် ရှိပြီး အဆိုပါဇုန်တွင် ရေခဲပုံးများ၊ ရေခဲထုတ်လုပ်စက်ရုံများ နှင့် ငါးအခြောက်ခံပစ္စည်းများ ကဲ့သို့ ပစ္စည်းကိရိယာများ ကိုထားရှိမည် ဖြစ်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)