Main menu

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်သုံးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၆.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၀0)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ နှင့်ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောတာကလူထူးပါ (၃)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးမြတ်ကျော်၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယစုံစမ်းရေးမှူး ဦးထက်လူဝင်းနောင်၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဇော်ဝင်းထွဋ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းစိုးပါ (၂)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်လဲ့လဲ့စိုးတို့ ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဆိုင်များဖြစ်သော စူပါစတား၊ ရွှေပြည်စိုး၊ ဇော်ဝင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ ဈေးနှုန်းမှာလည်း ဝယ်ယူ ဈေးထက် သင့်တင့်သောဈေးနှုန်းဖြင့်သာ ပြန်လည်ရောင်းချနေကြောင်း၊ ပစ္စည်းများကိုလည်း သိုလှောင်ထားခြင်း မရှိပါကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)