Main menu

တောင်ငူမြို့ရှိ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော် ဦးဆောင်သော ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ၊ တောင်ငူမြို့နယ်ဒုတိယမြို့နယ်တာဝန်ခံတို့ပါဝင်သော အဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မေလ ၉ ရက်နေ့ မွန်းလွဲပို်ငးက တောင်ငူမြို့ရှိ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဒုတိယခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့ရှိ ကုဋေကြွယ် အဆင့်မြင့် လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်နှင့် ကောင်းထက်သာ အဆင့်မြင့်လက်ဖက်ရည်နှင့် စားဖွယ်စုံ ဆိုင်များသို့ ရောက်ရှိပြီး အစားအသောက်ပြုပြင်ရောင်းချသည့် နေရာများ၊ အစား အသောက် ကိုင်တွယ် ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ၊ အစားအသောက်များ သန့်ရှင်းမှုရှိ/မရှိ ကိုလည်းကောင်း၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ သို့ လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြခြင်းကိုလည်းကောင်း၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားနှင့် အသားတင်ပမာဏ အလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြခြင်းများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

   ဒုတိယခရိုင်ဦးစီးမှူးသည် အဆင့်မြင့်လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်များအနေဖြင့် အစားအသောက်ဝန်ဆောင်မှုများပေးရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကို အလေး ထား ဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာ ဆောင်ရွက် ခြင်းဖြင့် စားသုံးသူအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရပါသည်။

DOCA(ပဲခူး)