Main menu

မော်လမြိုင်မြို့တွင် ဌာနဆိုင်ရာများမှ တင်ဒါလေလံဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ အခွန်ပညာပေးရှင်းလင်းပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

၆.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သော ဌာနဆိုင်ရာများမှ တင်ဒါလေလံဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အခွန်ပညာပေးရှင်းလင်းပွဲ အခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အစိုးရဌာန အဖွဲ့အစည်းများမှ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများ၊ တင်ဒါစနစ်ဖြင့်ပစ္စည်းများ ဝယ်ယူခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ခြင်း၊ ယာဉ်နှင့်စက်ကိရိယာများ၊ ပရိဘောဂများ ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါမှာ တင်ဒါမဖြစ်မနေ ခေါ်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့နောက် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်ဆောင်ရွက်ရာမှာ အခွန်နှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သိရှိစေလိုသည့်အတွက် အခွန်ပညာပေးရှင်းလင်းပွဲကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

တင်ဒါလုပ်ငန်းများ ဆောင်ရွက်သည့်အခါ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်စသည့် အခွန်အမျိုးအစားများ ပေးဆောင်ရန် တာဝန်ရှိပြီး တင်ဒါလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သိစေလိုသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အခွန် ဦးစီးဌာနမှူးက ရှင်းလင်းဆွေးနွေးမည့် ကိစ္စရပ်များကို သေသေချာချာ လိုက်နာ မှတ်သားပြီး တိတိကျကျလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

DOCA(မွန်)