Main menu

ဧပြီလအတွက် ရရှိသော ဆီခွဲတမ်းများကို ဆီထုတ်ကိုယ်စားလှယ်များ စနစ်တကျထုတ်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်

Powered by Drupal

 

     စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ  ၃၀ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆီကိုယ်စားလှယ် သည် ရန်ကုန်မြို့ ရှိ စားအုန်းဆီကုမ္ပဏီ(၃)မှ ခွဲတမ်းရ စားသုံးဆီ တစ်နေ့ ပျမ်းမျှ (၄၅)ပေပါ(သို့) ပျမ်းမျှ ပိဿာ ၄၉၅၀၊ နေ့စဉ် ရောက်ရှိမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စားအုန်းဆီခွဲတမ်းရရှိမှုနှင့် ဆီပေပါထုတ်ယူမှုကို ကွင်းဆင်း ကြပ်မတ်စစ်ဆေးလျက်ရှိပြီး သတ်မှတ် စားအုန်းဆီတင် ဆောင်လာသောကားသည်  အချိန်နှင့် တပြေးညီ ပုံမှန် နေစဉ်ရောက်ရှိလာရာ ဧပြီလ ၁လတာအတွင်း (၂၂)ရက် ဆီထုတ်ယူရပြီး တစ်လအတွင်း ဆီပေပါ စုစုပေါင်း (၉၈၃)ပေပါ ရရှိခဲ့သည်။ မအူပင် စားအုန်းဆီ ထုတ်ကိုယ်စားလှယ်များက စနစ်တကျထုတ်ယူကာ စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကား ဆိုင်များသို့ ခွဲဝေရောင်းချပေးသွားကြောင်း၊ နေ့စဉ် ၊ လစဉ် ဆီပေးပါထုတ်ယူမှု စာရင်းများကို စာရင်းပြုစုထားပြီး မြို့နယ်ဆီရောင်းချသူ လက်ကား/လက်လီရောင်းချ သူများက သတ်မှတ်ရည်ညွှန်းဈေး ဈေးနှုန်းဖော်ပြပြီး ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း စားအုန်းဆီခွဲ တမ်းရရှိသော လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)